* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။ ဤဘလော့သည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် ရောက်လာသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာကြပါစေ၊ လိုရာဆန္ဒ ပြည့်ဝကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ဆင်းရဲမှုဒုက္ခအားလုံးမှ ကင်းဝေးကြပါစေ )

Monday, April 1, 2013

ရိပ်သာသမိုင်း

Unknown | 10:47 PM | Best Blogger Tips


မြို့မ ယဉ်ငေးသာသနာ့ရိပ်သာ၊
ဘွဲအမည် နှင့် နေရပ်လိပ်စာကမ္မဋ္ဌာနာစရိယ -
ဘွဲ့အမည် - ဘဒ္ဒန္တ္တ္တဣန္ဒဥာဏ ။
 အသက်တော် - ၃၇ နှစ် - သိက္ခာ ၁၇ ၀ါ ။
 ရိပ်သာတည်ရာမြို့အမည် -
မြို့မ ယဉ်ငေးသာသနာ့ရိပ်သာ၊ ကျောက်မော်ရပ်၊ မြိတ်လမ်း ၊ ထားဝယ်မြို့ တနသာင်္ရီတိုင်းဖုန်း (059-21267/ 098740753)
မြို့အမည်ဖြစ်ပေါ်လာပုံ -
ထားဝယ်မြို့နယ်ရှိ ဝေမိဿကတောင် ယခုခေါ် (ကနန်းတောင်ထိပ်)၀ယ် ရှင်တော်မြတ်စွာ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူသည်ကို အစွဲပြု၍ ယွန်း- ရှမ်း - ယိုဒယားတို့ဘာသာဖြင့် ”ထ၀ှါ” ပြုတော်မူသည်ဟု သမုတ်ကြသောကြောင့် ”ထ၀ှါ” တိုင်းတွင်သည်။ ကာလရှည်လျားလတ်သော် ”၀” အက္ခရာ၌ ဟထိုးပျောက်ပြီး ထားဝယ်ဟူ၍ ယနေ့တိုင် အများခေါ်ဝေါ်နေကြလေသည်။
ရိပ်သာအမည် -
မြို့မ ယဉ်ငေးသာသနာရိပ်သာ အမည်ဖြစ်ပေါ်လာပုံ -ရိပ်သာအတွင်း၌ ၀င်ရောက်နေထိုင်ကြကုန်သော ပုဂ္ဂိုလ်ပေါင်းတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးစလုံးတို့သည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် သွားလာနေထိုင် ပြောဆိုကြရန် လိုအပ်ပါသည်။ ထိုကဲသို့ပြောဆိုမှသာလျှင် အရပ်လေးမျက်နှာ နယ်တကာမှ လာလာသမျှသော ရဟန်းရှင်လူ ပရိတ်သတ်ပေါင်းတို့က ဤဌာနအတွင်း၌ သီတင်းသုံးနေထိုင်ကြကုန်သော ပုဂ္ဂိုလ်ပေါင်းတို့သည် အလွန်တရာမှ ယဉ်ကျေးသိမ်မွေ့ပါတကားဟူသော အနေဖြင့် ငေးကာကြည့်ရလောက်အောင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုနေထိုင်တတ်ဖို့အတွက် ရည်ရွယ်၍ ”ယဉ်ငေးရိပ်သာ” ဟု မူလ ယဉ်ငေးဆရာတော်ဘုရားမှ ခေါ်တွင်စေခဲ့သည်။

 ရိပ်သာတည်ထောင်သည့် နှစ် - လ - ရက်
သာသနာတော်နှစ် ၂၅၀၀ ပြည့်နှစ်၊ မြန်မာနှစ် ၁၃၃၈ ခုနှစ်၊ တန်ဆောင်လပြည့်ကျော် (၁၄)ရက် ၊ ခရစ် 19/01/1976 သောကြာနေ့တွင် ထူထောင်ခဲ့သည်။
တည်ထောင်သူများ -
ပြန်လွန်တော်မူပြီးသော ဆရာတော် ဘဒ္ဒန္တဣန္ဒြိယ ( အဂ္ဂမဟာကမ္မဋ္ဌနာစရိယ)
ရိပ်သာ၏ ဆိတ်ငြိမ် ပြည့်စုံ သာယာလာပုံ -
ရိပ်သာသည် ထားဝယ်မြို့၏ အရှေ့ဘက် မြို့စွန်နားလောက်ေ တာင်ကုန်ပေါ်မှာရှိပြီး ကျောင်းဝင်းခြံဧက (၇) ဧကအတွင်း၌ ပြင်ပအသံများ မထိုးဖောက်နိုင်အောင် သစ်ပင်ကြီးများနှင့် ပန်းပင်များကို စနစ်တကျ စိုက်ပျိုးထားသည်။ ယောဂီများနေရန် အဆောက်ဦးကို အမျိုးသားယောဂီ (၂၀၀)ဆံသော နှစ်ထပ်ကျောင်းဆောင် တစ်ဆောင်၊ အမျိုးသား နှစ်ပါးနေ (၄) ဆောင်၊ ရှစ်ပါးနေ (၁) ဆောင်သာရှိသည့်အတွက် သင်္ကြန်းအတွင် ယောဂီ (၃၀၀)လောက်အတွက် နေရာအခက်အခဲ ရှိနေပါသေးသည်။ နွေရာသီ ဗုဒ္ဓယဉ်ကျေးမှု သင်တန်းသူ၊ သင်တန်းသား ၊ ကိုရင်၊ သိက္ခာရှင် (၁၀၆၀) နှင့် ၀န်ဆောင် (၁၅၀) ကျော်အတွက် နေရာကျပ်တည်းသော်လည် ယောဂီမဟုတ်သည့်အတွက် ဆင်ပြေသလိုနေ၍ ရပါသေးသည်။ သစ်ပင်ကြီးများနှင့် အုပ်ဆိုင်းနေသည့်အတွက်လည်း ဆိပ့်ငြိမ်မှုကိုရရှိ၍ စိတ်ကိုတည်ငြိမ်စေသော နေရာဖြစ်ပါသည်။
ရိပ်သာမှ ယောဂီများကို စောက်ရှောက်ပုံ-
အရပ်လေးမျက်နှာမှ ကြွရောက်လာသော ယောဂီများအား ဆွမ်းစရိတ်မယူဘဲ လက်ခံအားထုတ်စေပါသည်။ မိမိအားထုတ်လိုသော ရက်အပိုင်းခြားအတိုင်းလည်း အားထုတ်နိုင်သလို ဥာဏ်စဉ်နားခွင့်ရသည့်အထိလည်း အားထုတ်နိုင်ပါသည်။ ရက်ရှည်လည်း အားထုတ်နိုင်ပါသည်။ မြို့နယ်အသီးသီးရှိ ဒါယိကာ၊ ဒါယိကာမများ၏ ဆန်စပါးများဖြင့် ကူညီထောက်ပံ၍ ကျောင်းနေသီလရှင်များနှင့် လူပုဂ္ဂိုလ် များကလည်း ဆွမ်း ဝေယျာဝစ္စနှင့် အခြားဝေယျာဝစ္စ များကို အမြဲကူညီစောက်ရှောက်ပေးသလို ၊ ကျမ်းမာရေးအတွက် ပြင်ပဆရာဝန်များက လာရောက်စောက်ရှောက်ပေးပါသည်။ တစ်လတာဗုဒ္ဓယဉ်ကျေးမှု သင်တန်း၌မူ လေးမြို့နယ်မှ ရက်သတ္တပတ်လျှင် တစ်မြို့နယ်ဆီ အလှည့်ကျ စောက်ရှောက်ပေးကြပါသည်။

No comments:

Post a Comment